ကျွန်တော်တို့ ရည်မှန်းချက် ( Henry Aung )

avatar

မင်္ဂလာပါ။ ကျွန်တော်တို့ Hive ကလည်း ပြား ၄၀ ရောက်ရန် အတွက် အတော်လေး ကြိုးစား ရုန်ကန် နေသည်ကို တွေ့ရပါသည်။ ရက်ခြား ၃၇ ပြား / ၃၈ ပြား / ၃၉ ပြား စသည်ဖြင့် တထစ်ခြင်း အပေါ်သို့ အားယူတက်နေပါသည်။

ကျွန်တော်ကလည်း Hive ဈေး တက်စေချင်သူဆိုတော့ အားမလိုအားမရ ဖြစ်မိပါသည်။ အခြားသော Crypto များက တရိပ်ရိပ် တရိပ်ရိပ် ဖြင့် တက်နေကြသည်မှာ အားရစရာ။ Cryptocurrency နှင့်ပတ်သက်၍ အခြားသူငှာ များကတော့ မည်သို့ရှိသည် မသိပါ။ ကျွန်တော်တို့ Hive Power အားကိုး အားထားနေရသူ အဖို့ကတော့ အတော်လေး အထနှေးသည်ကို တွေ့ရပါသည်။

ပြောရမည်ဆိုလျင် ယခု Hive $100 ဈေး ဖြစ်စေအုံးတော့ မိမိရှိထားသော Hive Power မှ HP500 ခန့် ထုတ်ရောင်း နိုင်လျင် အတော်လေး ဟန်ကျနေပြီ ဖြစ်ပါသည်။သို့သော် Hive $100 ဈေးတွင် ထုတ်ရောင်း လိုက်သော HP500 အား ပြန်စုရန်မှာ နှစ်နှင့် ချီ၍ အချိန်ပေးရတော့မည် ဖြစ်ပါသည်။

သို့သော်လည်း မိမိ ဝရိယ ဖြင့် စုထားသော Hive များဖြင့် တကြိမ်တခါ တော့ အချီကြီး ရသင့်သည်ဟု ထင်ပါသည်။ အကယ်၍ မိတ်ဆွေ အနေဖြင့် Hive ကြောင့် သိန်း ၁၅၀ ခန့် ရလိုက်သည်ဆိုလျင် မိတ်ဆွေအနေဖြင့် ဘာလုပ်မည်ဟု စဉ်းစားထားပါသနည်း။

အခြေခံစီးပွားရေး တခုခု လုပ်မည်လား / သို့မဟုတ် Crypto တွင်ပဲ ထပ်မံ ရင်းနှီးမြှုပ်နှံ မည်လား / သို့မဟုတ် ဈေးနည်းသော မြေကွက်တကွက် ဝယ်ထားမည်လား ? ။ အမှန်ဆိုရလျင် လက်ရှိအချိန် လက်ရှိ အနေအထားတွင် Hive ဈေးတက်လာလျင်လည်း ရွေးချယ်လုပ်ကိုင်စရာ အတော်လည်း ခက်ခဲပါသည်။

အဘယ့်ကြောင့်ဆိုသော် သိန်း ၁၅၀ ဆိုသည့် ငွေကြေးပမာဏသည် လက်ရှိအချိန်၌ တကယ်တမ်း တခုခု စလုပ်လိုက်သည်နှင့် တတိတိ တခဏအတွင်း ကုန်ဆုံးသွားမည် ဖြစ်သော ကြောင့် ဖြစ်ပါသည်။ အမှန်တော့ ကျွန်တော်လို့ လိုချင်နေသော Hive ၏ အောင်မြင်မှုမှာ HP ထုတ်ရောင်းစား၍ ရသော လုံးခနဲ ရသည့် ငွေမျိုး မဟုတ်ပါ။

Hive ဈေးတက်လာခြင်း အပေါ် ရရှိသည့် မိမိ Reward ကြောင့် တပတ်လျင် တသိန်း ၂ သိန်း ခန့် ပုံမှန် ဝင်ငွေရနေသော အနေအထား မျိုးအား လိုချင် ကြခြင်း ပင်ဖြစ်ပါသည်။ ကျွန်တော်တို့ ထိုအနေအထား ရောက်ရန် ၂၀၁၇ နှစ်လယ် ပိုင်း မှ စ၍ လမ်းဖေါက်ခဲ့ကြခြင်း ဖြစ်ပါသည်။

အကြောင်း အမျိုးမျိုးကြောင့် Steemit ဟူသော လမ်းကြောင်း မှ Hive ဟူသော လမ်းကြောင်း သို့ ပြောင်းသွားသော်လည်း ရည်ရွယ်ရာ ပန်းတိုင်ကတော့ တခုတည်း ပင်ဖြစ်ပါသည်။ ယခင်ကတော့ Steemit ဟူသော ရထားစီးသည် ယခုတော့ Hive ဟူသော အမြန်ရထား ပြောင်း စီးနေကြခြင်းသာကွာပါသည်။

ကျွန်တော်တို့၏ ရည်မှန်းချက် သည် ၂၀၂၅ ဖြစ်ပါသည်။ ဤ လမ်းပေါ်သို့ ပုံမှန် လျှောက်ခဲ့ကြသူများ ကတော့ ယခု အချိန်တွင် ဖုန်းဘေဖိုး အင်တာနက် ဖိုးလောက်တော့ Hive မှ ထုတ်ယူနေကြပြီ ဖြစ်ပါသည်။ ၂၀၂၅ ရောက်လျင် ကျွန်တော်တို့ Hive Platform မှ ပုံမှန် လစာ ထုတ်ယူနိုင်လိမ့်မည်ဟု ယုံကြည်နေပါသည်။

Henry Aung ( Kachin )

24/01/2023 - Tuesday - 18;09 Pm ( KL )



0
0
0.000
27 comments
avatar

Hive ရောင်းပြီး အိမ်လေးတလုံး ဆောက်ချင်ပါသည်။ ကိုဟင်ပြောတဲ့ တရာ့ငါးဆယ်တန်ဘိုး
လောက်ပေါ့ဗျာ။ တလ နှစ်သိန်း ဝင်ငွေလေးရလည်း။မဆိုးဘူးပေါ့။ အဲ့စိတ်ကူးလေး အမြန်ဆုံး အကောင်အထည် ဖော်ချင်ပါပြီလေ။
စောင့်နေမည် 2025 ဆီပ။
!LOLZ
!MEME

0
0
0.000
avatar

I've been a limo driver for 25 years and haven’t had a single customer.
All that time and nothing to chauffeur it.

Credit: reddit
@kachinhenry, I sent you an $LOLZ on behalf of @htwegyi

Use the !LOL or !LOLZ command to share a joke and an $LOLZ
(1/6)

0
0
0.000
avatar

သေချာတယ်... hive နဲ့ အိမ် ဆောက်နိုင်ပါလိမ့်မယ်...!PIZZA

0
0
0.000
avatar

နောက်ပိုင်း ကြမ်းမယ်
!PIZZA

0
0
0.000
avatar

အရှေ့ပိုင်းအရင်ကြမ်း ချင်နေတာကို...😃 !PIZZA

0
0
0.000
avatar
(Edited)

🍕 PIZZA Party!

I gifted $PIZZA slices here:
kachinhenry tipped uthantzin (x1)
donjaun tipped kachinhenry (x1)
nyinyiwin tipped kachinhenry (x1)
kachinhenry tipped tin.aung.soe (x1)
kachinhenry tipped nyinyiwin (x1)
kachinhenry tipped myanmarkoko (x1)
myanmarkoko tipped kachinhenry (x1)
@kachinhenry(7/10) tipped @htwegyi (x1)
ansoe tipped kachinhenry (x1)
tin.aung.soe tipped kachinhenry (x2)
kachinhenry tipped ansoe (x1)
kachinhenry tipped donjaun (x1)

Learn more at https://hive.pizza!

0
0
0.000
avatar

မနေ့ညက ပြား ၄၀ ရောက်သွားပါသေးတယ်။ သိန်း ၁၅၀ အခုချက်ချင်းလက်ထဲရောက်လာရင် ဘာလုပ်ရရင်အဆင်ပြေမလဲလို့ စဉ်းစားရရင် အောက်ဆုံး လုပ်ငန်းလေးကနေ စစဉ်းစားရမှာပဲ။ ကိုယ်လုပ်ချင်တာကစစဉ်းစားရင် ၁၅၀ မလောက်ဘူး။ မလောက်ရင် မလုပ်ဖြစ်ပဲ ဘီယာသောက်တာနဲ့ကုန်မှာပဲ 😂 !LOLZ !PIZZA

0
0
0.000
avatar

ဘီယာသောက်ရလည်း နည်းသလား... သိန်း ၁၅၀ ဖိုး ဘီယာ သောက်နိုင်သူပေါ့😃 !PIZZA

0
0
0.000
avatar

အခြေအနေ အရ ရောင်းစားတန်ရောင်းစားရအောင် liquid Hive ချန်ထားနေရတယ်။တစ်နှစ်ကို HP 2000 လောက်တော့ ရှာနိုင်ခဲ့ပြီ။ !PIZZA
$100 ဈေးသာ Bull Pump လိုက်လို့ကတော. ..!LOL

0
0
0.000
avatar

အခြေအနေ အရ ရောင်းစားတန်ရောင်းစားရအောင် liquid Hive ချန်ထားနေရတယ်။တစ်နှစ်ကို HP 2000 လောက်တော့ ရှာနိုင်ခဲ့ပြီ။ !PIZZA
$100 ဈေးသာ Bull Pump လိုက်လို့ကတော. ..!LOL

0
0
0.000
avatar

အိမ်မက်တွေ အကောင်ထည် ဖေါ်ရမဲ့ ရက်တွေ ရောက်လာပါလိမ့်မယ်။ !PIZZA

0
0
0.000
avatar

!PIZZA
စိတ်အား လူအား ကျနေပီ ကိုဟင်ရေ။ တနေ့တနေ့ အဝတ်ထုပ်လေးပိုက်ပီး ဘယ်နေရာ ပြေးပုန်းရမလဲ စိုးရိမ်ထိတ်လန့်နေရတဲ့ အခြေအနေဖြစ်နေလို့ စာလဲမရေးအားတော့ပါဘူးဗျာ။

0
0
0.000
avatar

အချိန်တခုတော့ ပေးဆပ်ရမယ်ထင်ပါတယ်။ Fighting !PIZZA

0
0
0.000
avatar

Hive ဆိုတာကလည်း မျှော်လင့်ချက်ပေးနိုင်တဲ့အရာတစ်ခုပဲ။
ခုလိုခေတ်ဆိုး၊ စနစ်ဆိုးမှာ ရှင်သန်နေရသူများအဖို့
မျှော်လင့်ချက် အလင်းရောင်ခြည်လေးတစ်ခုပါပဲ...

!PIZZA

!LUV

!LOL

0
0
0.000
avatar

သေချာတယ် ညီလေး... Hive ရှိနေလို့သာပဲ...!PIZZA

0
0
0.000
avatar

Hive စျေး 100$ ဖြစ်ဆိုပြီး ...ခံစားကြည့်လိုက်တာ...နတ်ဘုံရောက်သွားသလားထင်ရတယ် အစ်ကိုရေ...!PGM !LUV !MEME

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS tokens to @uthantzin

remaining commands 4

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000